Travels & Tours
www.aungchanthartours.com

Trip Plan

အောင်ချမ်းသာဗုဒ္ဓဂယာဘုရားဖူးအဖွဲ့၏ခရီးစဉ်

"သံ‌ဝေဇနိယ‌လေးဌာန၊ ဖူးကြအလီလီ၊ အပါယ်‌လေးဝမလားရ၊ လားရလူနတ်ပြည်၊ ‌အောင်ချမ်းသာမှသင့်ဆန္ဒပြည့်ဝ‌စေရမည်" ဟူ‌သော‌ဆောင်ပုဒ်နှင့်အညီ‌အောင်ချမ်းသာဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့သည် တစ်လလျှင် ၂ ကြိမ်ခရီးသည်များကိုပို့‌ဆောင်‌ပေးပါသည်။

တနင်္လာ‌နေ့တွင်ရန်ကုန်မှ ဗုဒ္ဓဂယာသို့ ထွက်ခွာပြီး တစ်ပတ်ခြား‌သောကြာ‌နေ့တွင် ဗုဒ္ဓဂယာမှရန်ကုန်သို့ တိုက်ရိုက် ပြန်လာသည့် ၁၁ ညအိပ် ၁၂ ရက် ခရီးစဉ် ဖြစ်ပါသည်။ခရီးသည်များစီးနှင်းလိုက်ပါမည့်‌လေယာဉ်မှာ အိန္ဒိယ‌လေ‌ကြောင်းလိုင်းမှ‌လေယာဉ်ဖြစ်ပါသည်။ အချိန်မ‌ပေးနိုင်သူများအတွက် ၄ ညအိပ် ၅ ရက်ခရီးစဉ်လည်း သီးသန့်စီစဉ်ထားရှိပါသည်။

ထွက်ခွာမည့်ခရီးစဉ်(2015 - 2016)

ထွက်ခွာရက် ပြန်ရောက်ရက် မှတ်ချက်
စက်တင်ဘာ ၂၈-၉-၂၀၁၅ ၉- ၁၀-၂၀၁၅  
အောက်တိုဘာ ၁၂-၁၀-၂၀၁၅ ၂၃-၁၀-၂၀၁၅ (၂၈ - ၁၀ - ၂၀၁၅)
သီတင်းကျွှတ်လပြည့်
၂၆-၁၀-၂၀၁၅ ၆- ၁၁ -၂၀၁၅
နိုဝင်ဘာ ၉-၁၁-၂၀၁၅ ၂၀- ၁၁-၂၀၁၅
၂၃.၁၁.၂၀၁၅ ၄. ၁၂ .၂၀၁၅ ( ၂၆-၁၁-၂၀၁၅ )
တန်ဆောင်မုန်းလပြည့်
ဒီဇင်ဘာ ၇-၁၂-၂၀၁၅ ၁၈- ၁၂-၂၀၁၅  
၂၁-၁၂-၂၀၁၅ ၁-၁-၂၀၁၆ ( ၂၅-၁၂-၂၀၁၅ )
ခရစ္စမတ်ကျောင်းပိတ်ရက်
ဇန်နဝါရီ ၄- ၁-၂၀၁၆ ၁၅- ၁-၂၀၁၆  
၁၈-၁-၂၀၁၆ ၂၉- ၁-၂၀၁၆  
ဖေဖော်ဝါရီ ၁-၂-၂၀၁၆ ၁၂-၂-၂၀၁၆  
၁၅-၂ -၂၀၁၆ ၂၆- ၂-၂၀၁၆  
၂၉-၂-၂၀၁၆ ၁၁-၃-၂၀၁၆  
မတ် ၁၄-၃-၂၀၁၆ ၂၅-၃-၂၀၁၆  
၂၈-၃-၂၀၁၆ ၈-၄-၂၀၁၆  
ဧပြီ ၁၁-၄-၂၀၁၆ ၂၂-၄-၂၀၁၆ သင်္ကြန်ပိတ်ရက်

အထက်ပါ ခရီးစဉ်များမှ မိမိကြိုက်နှစ်သက်ရာ ရက်များကို ရွေးချယ်၍သွားရောက်ဖူးမျှော်မည့် ဘုရားဖူးခရီးသည် အရေအတွက်ကို တယ်လီဖုန်းဖြင့် ပထမဦးစွာ စာရင်းသွင်း၍ရပါသည်။

ဖုန်း - ဝ၁-၅၅၉၇၁၉၊ ဝ၁-၄၀ဝ၈၁၆၊ ဝ၁-၅၄၄၂၈၇

ဒေါ်သဇင်မြင့်အောင်

ယခုနှစ် ဘုရားဖူးခရီးစဉ်များအား စက်တင်ဘာလနောက်ဆုံးပတ်မှ စတင်ထွက်ခွာရန် စီစဉ်ထားပါသည်။ ခရီးစဉ်မှာ (၁၁) ညအိပ် (၁၂)ရက် ခရီးစဉ်များဖြစ်ပြီး ရန်ကုန်မှ ဗုဒ္ဓဂယာသို့ အိန္ဒိယလေကြောင်းလိုင်း လေယာဉ်ဖြင့် တိုက်ရိုက်ပြန်လာမည့် ခရီစဉ်ဖြစ်ပါသည်။ ဘုရားဖူးဒေသများကို အဆင့်မြင့်ဘတ်(စ်)ကားကြီး များဖြင့် လှည့်လည်ဖူးမြော်မည်ဖြစ်ပါသည်။ တည်းခိုနေထိုင်စားသောက်ရေးနှင့် ပတ်သက်၍ အဆင့်မီပြင်ဆင်ထားသည့် မြန်မာဘုန်း တော် ကြီးကျောင်းများ၌ တည်းခိုနေထိုင် စားသောက်မည် ဖြစ်ပါသည်။

ဘုရားဖူးတစ်ဦးချင်းအတွက်(၁၁)ညအိပ်(၁၂) ရက်သတ်မှတ်ကျသင့်ငွေမှာ (        -        ) ဖြစ်ပါသည်။ ဘုရားဖူး သွားလိုသူများအနေဖြင့် အဆိုပြုလွှာအား အောင်ချမ်းသာဘုရားဖူး အဖွဲ့တည်ရာ ပါဝါပဲလေ့စ်(ဟိုတယ်) ၊ အမှတ် (၁၆) ၊ ပြည်သာယာလမ်း၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်၌ လာရောက်ထုတ်ယူပြီး အဆိုပြုလွှာနှင့်အတူ ပူးတွဲပါရှိသည့် ကိုယ်ရေးအချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ပြီး ကျင်သင့်ငွေအား ပေးသွင်းရပါမည်။ ကျသင့်ငွေ၏ ပထမအရစ်ပေးသွင်းပြီးသူများကို မိမိသွားလိုသည့် ခရီးစဉ် နှင့် နေ့ရက်အားစာရင်းသွင်းသတ်မှတ် ပေးမည် ဖြစ်ပါသည်။ ပေးသွင်းငွေ ဒုတိယအရစ်ကို ခရီးမသွားမီ (၂) ပတ်အလို၌ အပြီးပေးချေရပါမည်။ ငွေအကြေပေးသွင်းရန်အကြောင်းအမျိုးမျိုးရှိသူများအား ငွေကိုအရစ်ခွဲပေးသွင်းနိုင်ရန် စီစဉ်ဆောင်ရွက်ပေးပါမည်။