Travels & Tours
www.aungchanthartours.com

Tour Destination

ဘုရားဖူးသွားရောက်မည့်နေရာများ

ဘုရားအလောင်းတော် ဖွားမြင်တော်မူရာ လုမ္ဗိနီသာမော အင်ကြင်းတော (သံဝေဇနီယဌာန)

ဘုရားအလောင်းတော်မြတ်ကို မဟာသက္ကရာဇ်(၆၈)ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်ဒေဝဒဟနှင့် ကပိလဝတ်နှစ်ပြည်ထောင်အကြား လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာမဟာဒေဝီမှ ဖွားမြင်တော်မူခဲ့ပါသည်။

(ယခုအခါ - နီပေါနိုင်ငံနယ်စပ်၊ လုမ္ဗိနီဒေသ၌ တည်ရှိပါသည်)


ဘုရားအဆူဆူ ပွင့်တောမူရာ ဗုဒ္ဓဂယာ ဗောဓိမဏ္ဍိုင် (သံဝေဇနိယဌာန၊ အဝိဇဟိတဌာန)

မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဗုဒ္ဓဂဟာ မြေမြတ်မဟာရှိ ဗောဓိပင်အနီး အပရာဇိတပလ္လင်ထက်တွင် ဘုံသုံးပါးတို့၏အထွတ်အထိပ် သဗ္ဗညုတရွှေဉာဏ်တော်ပိုင်ရှင်ဘုရားအဖြစ် သို့ရောက်ရှိတော်မူခဲ့သည်။

(ယခုအခါ - အိန္ဒိယနိုင်ငံ၊ ဗိဟာပြည်နယ်၊ ဂေဟာမြို့အနီး၊ ဗုဒ္ဓဂယာအရပ်တွင် တည်ရှိပါသည်။)


တရားဦးဓမ္မစကြာ ဟောတော်မူရာ မိဂဒါဂုန်တော (သံဝေဇနိယဌာန၊ အဝိဇဟိတဌာန)

မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ်(၁၀၃)ခု၊ ဝါဆိုလပြည့်၊ စနေနေ့တွင် ဗုဒ္ဓဂယာမှ (၁၈)ယူဇနာဝေးကွာသော မိဂဒါဂုန်တောအရပ်၌ ပဥ္စဝဂ္ဂီတို့နှင့်တကွ နတ်ဗြဟ္မာအပေါင်းတို့အား တရားဦးဓမ္မစကြာကို ဟောကြားခဲ့ပါသည်။

(ယခုအခါ - အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဗရာဏသီမြို့အနီး၊ မိဂဒါဝုန် "ဆာရနတ်(သ်)" ဒေသတွင်တည်ရှိပါသည်။)


မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူရာ ကုသိနာရုံ အင်ကြင်းရဂုံ (သံဝေဇနိယဌာန)

မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် (၁၄၈)၊ ကဆုန်လပြည့် အင်္ဂါနေ့တွင်မလ္လာမင်းတို့၏ အင်ကြင်းဥယျာဥ်ရှိရာ ကုသိနာရုံဒေသတွင် ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါသည်။

(ယခုအခါ - အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ကာဆီယမြို့အနီး)


ကောသလတိုင်း၏ မြို့တော်သာဝတ္ထိံ (အဝိဇဟိတဌာန)

ဘုရားအဆူဆူတိုင်းတို့၏ ညောင်စောင်းအခြေလေးဘက်ချတော်မူလေ့ရှိရာ မစွန့်အပ်သောနေရာထူးဖြစ်သည်။

(ယခုအခါ - အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဗာရမ်ပူရ်မြို့အနီး)


ပထမဆုံးကျောင်းတော်ရာရှိသောရာဇဂြိုဟ်

ရာဇဂြိုဟ်ပြည့်ရှင်၊ ဘုရင်ဗိမ္ဗိသာရမင်းက ဇဗ္ဗူဒိပ်ကျွန်းတွင် ပထမဦးဆုံး ဝေဠုဝန်ကျောင်းတော်ရာကို ဆောက်လုပ်လှူဒါန်းသောဒေသဖြစ်သည်။

(ယခုအခါ - အိန္ဒိယနိုင်ငံ၊ ဗိဟာပြည်နယ်၊ ရာဇဂြိုဟ်မြို့)


ဒုတိယသင်္ဂါယနာတင်ရာ ဝေသာလီ

ဝေသာလီပြည်တွင် ရတနသုတ်ဟောကြားခဲ့ပြီး၊ နောက်ဆုံးဝါဆိုတော်မူရာအရပ်ဒေသ၊ ဒုတိယသင်္ဂါယနာတင်ရာဌာန။

(ယခုအခါ - အိန္ဒိယနိုင်ငံ၊ ဗိဟာပြည်နယ်၊ မူဆာဗာပူရ်အနီး)


နာလန္ဒာတက္ကသိုလ်ဟောင်း

အရှင်သာရိပုတ္တရာ မွေးဖွားရာနှင့် ပရိနိဗ္ဗာန်ပြုရာဌာန

(ယခုအခါ - အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ရာဇဂြိုဟ်မြို့အနီး)


အောင်ချမ်းသာ ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့အနေဖြင့် ဘုရားဖူးများကို ဘုရားအလောင်းတော်ဖွားမြင်တော်မူရာ လုမ္ဗိနီသာမောအင်ကြင်းတော၊ ဘုရားအဆူဆူပွင့်တော်မူရာ ဗုဒ္ဓဂယာ ဗောဓိမဏ္ဍိုင်၊ တရားဦး ဓမ္မစင်္ကြာဟောတော်မူရာ မိဂဒါဝုန်တော၊ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူရာကုသိနာရုံအင်ကြင်းရဂုံနှင့် သာဝတ္ထိံရှိဇေတဝန်ကျောင်းတော်ရာ၊ ပသေနဒီကောသလမင်းကြီး၏နန်းတော်ရာ၊ ဘုရားရှင်တန်ခိုးပြရာသရက်ဖြူကုန်း၊ ကပိလဝတ်ရှိဘုရားလောင်း နှင့်သုဒ္ဓေါဓနမင်းကြီး၏နန်းစံရာဒေသ၊ နိဂြောဓါရုံကျောင်းတော်ရာ၊ ဝေသာလီရှိ ဒုတိယသင်္ဂါယနာတင်ရာ ဝါဠုကာရုံကျောင်းတော်ရာ၊ ဓါတ်တော်တိုက်၊ နာလန္ဒာရှိနာလန္ဒာတက္ကသိုလ်၊ ရှင်သာရိပုတ္တရာမွေးဖွားရာဒေသနှင့် ယင်းဓါတ်တော်စေတီ၊ ရာဇဂြိုဟ်ရှိဝေဠုဝန်ကျောင်း၊ ဇာတ်နိမ့်/မြင့်ရေချိုးရာနေရာ၊ အဇာတသတ်မင်းဓါတ်တော်တိုက်၊ ဆွန်ဘဏ္ဍာတိုက်၊ ဗိမ္မိသာရအကျဉ်းထောင်၊ ဇီဝကဥယျာဉ်၊ ဂိဇ္စျကုဋ်တောင်ထိပ်ကျောင်းတော်ရာ၊ စက်သီးကုလားထိုင် ဖြင့် တက်ရသော ရတနာဂီရိတောင်၊ ကျောက်လှည်းဘီးရာစသဖြင့်ဗုဒ္ဓဝင်နေရာအနှံ့အပြားကို ပို့ဆောင်ပေးပါမည်။