Travels & Tours
www.aungchanthartours.com

Services

အောင်ချမ်းသာဗုဒ္ဓဂယာဘုရားဖူးအဖွဲ့၏ဝန်ဆောင်မှု

ဘုရားဖူးသွားရောက်မည့်သူများ၏ မြန်မာနိုင်ငံကူးလက်မှတ်၊ အမြတ်ခွန်ကင်းရှင်းကြောင်းပုံစံ၊ ဗီဇာနှင့် လေယာဉ်လက်မှတ် အစရှိသည်တို့ကို ကုမ္ပဏီမှဝန်ထမ်းများ ကလိုက်ပါဆောင်ရွက်ပေးပါမည်။ ခရီးစဉ်တစ်လျှောက် အောင်ချမ်းသာဗုဒ္ဓဂယာဘုရားဖူးအဖွဲ့၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်သဇင်မြင့်အောင်နှင့် အတွေ့အကြုံရှိသော မြန်မာဧည့်လမ်းညွှန်များက အနီးကပ်လိုက်ပါ၍ နွေးထွေးသော ဝန်ဆောင်မှုများ ပေးပါမည်။ ခရီသည်များစီးနှင်း လိုက်ပါမည့် Tour Bus များမှာလည်း နောက်ဆုံးပေါ်ကားများ ဖြစ်ပါသည်။ တည်းခိုမည့်နေရာများမှာ မြန်မာဘုန်းကြီးကျောင်းများ ဖြစ်ပါသည်။ ခရီးသည်များကို မြန်မာအစားအသောက်များ၊ ဒေသထွက်အသီးအနှံများဖြင့် ပြည့်စုံလုံလောက်စွာ ကျွေးမွေးဧည့်ခံပါမည်။ ထို့အပြင် အဝတ်အစားထည့်ရန် ခရီးဆောင်အိတ်ကြီး ၁ လုံး၊ ဘေးလွယ်အိတ်၊ ပိုက်ဆံအိတ်၊ ယောဂီတဘက်နှင့် ခရီးသွားမှတ်တမ်းတင် DVD တစ်ချပ်တို့ကိုလည်း ဓမ္မလက်ဆောင်အဖြစ် ပေးပါမည်။

နယ်မှ ဘုရားဖူးများအတွက် အထူးအစီအစဉ်

နယ်မှ ဘုရားဖူးများသည် အဆိုပြုလွှာရယူခြင်း၊ စာရွက်စာတမ်းနှင့် လိုအပ်သည် အချက်အလက်များ ပေးပို့ခြင်းကို မိမိတို့မြို့နယ်ရှိ ပုဂ္ဂလိကဘဏ်များမှ တစ်ဆင့်ဆက်သွယ်ပေးပို့နိုင်ပါသည်။ နယ်မှဘုရားဖူးများမြို့နယ်အခွန် (ပုံစံ ၁၇)အား၊ ရန်ကုန်သို့တစ်ပါတည်း ယူဆောင်လာရပါမည်။

နိုင်ငံခြားသားများအတွက် အစီအစဉ်

မြန်မာနိုင်ငံမှတစ်ဆင့် သွားရောက်လိုလျှင် (ပထမ မြန်မာနိုင်ငံပြည့်နေခွင့် Visa) ကို ကာယကံရှင်မှ ကိုယ်တိုင်ဆောင်ရွက်၍ (၇)ရက်ကြိုတင်ရောက်ရှိရပါမည်။ အိန္ဒိယနိုင်ငံမှ ဘုရားဖူးအပြီး မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်ခြင်း (Re-entry Visa) အား အောင်ချမ်းသာမှ လိုက်လံဆောင်ရွက်ပေးပါမည်။

ပြည်ပမှ ဗုဒ္ဓဂယာသို့ တိုက်ရိုက်သွားလိုသူများအတွက်

ပြည်ပမှဗုဒ္ဓဂယာသို့ရောက်လျှင်လေဆိပ်သို့ အကြို/အပို့ စီစဉ်ပေးခြင်း၊ ဗီဇာကိစ္စအတွက် Sponser Letter ပို့ပေးခြင်း၊ နေစရိတ်၊ စားစရိတ် စရိတ်ငြိမ်းအား ဈေးနှုန်းသက်သာစွာဖြင့် စီစဉ်ပေးပါသည်။