Travels & Tours
www.aungchanthartours.com

Requirments

လိုအပ်သောအချက်အလက်များ

(က) ဘုရားဖူးသွားလိုသူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရန် အတွက် အမည်၊ အသက်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်၊ ဘွဲ့အမည်၊ အဘအမည်၊ အမိအမည်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်စသည် လိုအပ်သည့် အချက်များကို အောင်ချမ်းသာ ဘုရားဖူးအဖွဲ့ထံ ကြိုတင်ပေး ပို့ရပါမည်။
(ခ) မြန်မာနိုင်ငံကူ:လက်မှတ် လျှောက်ထားမည့်နေ့တွင် မြန်မာနိုင်ငံကူလက်မှတ် ထုတ်ပေးရေးရုံး၌ လူကိုယ်တိုင်ဓါတ်ပုံရိုက်ခြင်း၊ လက်ဗွေနှိပ်ခြင်း၊ လက်မှတ်ထိုးခြင်း၊လ- ဝ- က ဌာနစိပ်၌ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းမူရင်းနှင့် မိတ္တူများ တိုက်ဆိုင်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ ကိုယ်တိုင်လာရောက် ရပါမည်။
(ဂ) အိန္ဒိယသံရုံး နှင့် နီပေါသံရုံးများသို့ ဗီဇာတင်ရန်အတွက် နောက်ခံအဖြူရောင် ရင်တစ်ဝက်ပါ (2"× 2") ဓါတ်ပုံ(၄) ပုံနှင့် (1.2" × 1.4") ကာလာ (၄) ပုံ ပေးရပါမည်။
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ (၃)ရွက်
(ရှေ့ / နေက်အားတစ်မျက်နှာတည်း၌ ကူးပေးရမည်။)
(င) အိမ်ထောင်စုစာရင်းမူရင်းနှင့်မိတ္တူ (၃) ရွက်
(ရှေ့ / နောက် အားကူးပေးရမည်။)
(စ) နိုင်ငံဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ပြည်ပခွင့်စာမူရင်းနှင့် မိုတ္တူ (၃) ရွက်
(ဆ) အငြိမ်းစားဖြစ်ပါက အငြိမ်းစားခွင့်ပြုအမိန့်စာ (သို့) ပင်စင်စာအုပ် မိတ္တူ(၃)ရွက် (သို့) e-Pension Card မိတ္တူ(၃)ရွက်
(ဇ) သံဃာတော်နှင့် သီလရှင်များအတွက် သာသနာဝင်စိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ(၃)ရွက်။ (ရှေ့/နောက်အားတစ်မျက်နှာတည်းကူးပေးရမည်။)
မြို့နယ်သံဃနာယကထောက်ခံချက်မူရင်းနှင့်မိတ္တူ(၃)ရွက်။
(ဈ) သတ်မှတ်ထားသည့် ကိုယ်ရေးပုံစံ၌ ကိုယ်ရေးအချက်အလက်များ စုံလင်အောင်ဖြည့်စွက်ပေးရမည်။
(ည) မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ယာယီအိမ်ထောင်စု စာရင်းဖြင့် လျှောက်ထားထွင့်မပြုပါ။
(ဋ) အသက် (၆၅) နှစ်ကျော်သူများ ဆရာဝန်ဖြင့် မိမိကျန်းမာရေး အခြေအနေအား စစ်စေးပြီး ဆရာဝန်၏ ခရီးသွားခွင့်ပြုသူများသာ လျှောက်လွှာတင်သွင်းသင့်ပါသည်။ အဆိုပါ ပုဂ္ဂိုလ်များအဖေါ် တစ်ဦးလိုက်နိုင်က ခရီးသွားရာတွင် ပိုမိုအဆင်ပြေနိုင်ပါကြောင်း အကြံပြုပါသည်။
(ဌ) ဘုရားဖူး သွားရောက်မည့် သူများသည် ခရီးသွားအာမခံကိစ္စအား မိမိအစီအစဉ်ဖြင့် သွားရောက်ဆောင်ရွက်နိုင်ပါသည်။
(ဍ) မြန်မာနိုင်ငံကူးလက်မှတ် ကျလာသည့်အခါ India နိုင်ငံ ပြည်ဝင်ခွင့် Visa ကို On line ဖြင့် လျှောက်ထားရပါမည်။ Visa လျှောက်ထားခြင်းကို ဘုရားဖူးအဖွဲ့မှ လျှောက်ထားပေးမည် ဖြစ်ပါသည်။
(ဎ) ဘုရားဖူးခရီးစဉ် မထွက်ခွာမီ (၂)ရက် (သို့) (၃) ရက်အလိုတွင် ခရီးစဉ်၏ လိုအပ်သည့် အချက်အလက်များကို ကြိုတင်သိရှိနိုင်ရန်အတွက် ခရီးစဉ်ရှင်းလင်းပွဲကို တက်ရောက်ရပါမည်။ ခရီးမထွက်ခွာမီ တစ်ရက် ကြိုတင်ပြီး ခရီးဆောင်အိတ်ကြီးနှင့် ကျောင်း(၉) ကျောင်းအတွက် လှူဖွယ်ပစ္စည်းနှင့်သိမ်ဆင်းလောင်းလှူဖွယ် ပစ္စည်းများကို လာရောက် အပ်နှံရပါမည်။
(ဏ) ခရီးစဉ်ထွက်ခွာမည့်ရက်တွင် လေယာဉ်မထွက်ခွာမီ လေဆိပ်သို့ (၂) နာရီကြိုတင်၍ မိမိအစီအစဉ်ဖြင့် လာရောက်ရပါမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံကူးလက်မှတ်နှင့် အမြတ်ခွန် ပုံစံ-၁၉ (ပုံစံ-ဂ) ပြုလုပ်ခြင်း

မြန်မာနိုင်ငံကူးလက်မှတ်နှင့် အမြတ်ခွန်ပုံစံ-၁၉ (ပုံစံ-ဂ) ပြုလုပ်ရာတွင် ပုံစံ(၁၇)အား သန်းခေါင်စာရင်းပြုလုပ်ရာမြို့နယ်၌ မိမိကိုယ်တိုင် သွားရောက်ယူရပါမည်။ ပုံစံ-၁၉ (ပုံစံ-ဂ) အား ကုမ္ပဏီမှ ဆောင်ရွက်ပေးပါမည်။

မန္တလေးနှင့် အထက်မြန်မာပြည်မှ ဘုရားဖူးများအတွက် အထူးအစီအစဉ်

မန္တလေးနှင့်အထက်မြန်မာပြည်မှ ဘုရားဖူးများသည် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထား ရာတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (မန္တလေး) တွင် လျှောက်ထားရပါမည်။ လျှောက်ထား ခြင်းကို ဘုရားဖူးအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးပါမည်။ မန္တလေးသို့ လာရောက်ရမည့် ရက်ကို ဘုရားဖူးများထံ ကြိုတင်အကြောင်းကြားမည်
ဖြစ်ပါသည်

အောင်ချမ်းသာဘုရားဖူးအဖွဲ့၏ မေတ္တာလက်ဆောင်

ဘုရားဖူးခရီးစဉ်သည်များအား အဝတ်အစား ထည့်ရန်အတွက် ခရီးဆောင်အိတ်အကြီး(၁)လုံး၊ လွယ်ရန်အိတ်ငယ်(၁)လုံး၊ လက်ဆွဲအိတ်(၁)လုံး၊ ဦးထုပ်(၁)လုံး၊ ဆေးဝါးပစ္စည်းနှင့် ပိုက်ဆံ ထည့် ရန် အိတ်ငယ်(၁)လုံး၊ ဘုရားဖူး ခရီးသွားလမ်းညွှန်စာအုပ်(၁) အုပ်၊ ယောဂီတဘက်၊ ရင်ထိုး၊ အဖွဲ့လိုက် နေရပ်လိပ်စာနှင့် ဓါတ်ပုံပါမှတ်တမ်း စာအုပ်၊ခရီးစဉ်မှတ်တမ်းတင် ဒီဗွီဒီ(၁) ချပ်တို့အားအောင်ချမ်းသာ ဘုရားဖူးအဖွဲ့ မှလက်ဆောင်အဖြစ်ပေးပါမည်။

အထူးသတိပြုရန်

နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားတွင် ပြင်ရာ၊ ဖျက်ရာလုံးဝမရှိရပါ။ နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယားပါ မွေးရက်၊ လ၊ နှစ်တို့လုံးဝ ကိုက်ညီမှုရှိပါမည်။ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယားတို့တွင် မွေးသက္ကရာဇ်အား အင်္ဂလိပ်မွေးသက္ကရာဇ်ဖြင့် တစ်မျိုး၊ မြန်မာမွေးသက္ကရာဇ်ဖြင့် တစ်မျိုးဖော်ပြထားပါက နှစ်တစ်ရာပြက္ခဒိန်နှင့် တိုက်ဆိုင်စစ်ဆေးရပါမည်။ ထိုသို့ တိုက်ဆိုင်စစ်ဆေးပါကလည်း တူညီမှုရှိရပါမည်။ အကယ်၍ ကွဲလွဲနေပါက နိုင်ငံသား စိစစ်ရေးကတ်ပြားတွင် ဖော်ပြထားသော မွေးရက်၊ လ၊ နှစ်တို့အား မူသေထားပြီး အိမ်ထောင်စုဇယားအား သက်ဆိုင်ရာမြို့နယ် (လ-ဝ-က) ရုံးများ၌ တရားဝင်ပြင်ဆင်ရပါမည်။ ဖြည့်စွက်ပြင်ဆင်ထားကြောင်း အိမ်ထောင်စုဇယားနောက်ကျော၌ သက်ဆိုင်ရာ (လ-ဝ-က)၏မှတ်ချက်၊ တံဆိပ်တုံးနှင့် ပြင်ဆင်ပေးသူအရာရှိ၏ လက်မှတ်ပါရှိရပါမည်။ မိမိ သဘောဖြင့် လုံးဝပြင်ဆင်ခွင့်မပြုရပါ။