Travels & Tours
www.aungchanthartours.com

အောင်ချမ်းသာဗုဒ္ဓဂယာဘုရားဖူးအဖွဲ့

POWER PALACE TRAVELS & TOURS ကုမ္ပဏီအနေဖြင့် အောင်ချမ်းသာ ဗုဒ္ဓဂယာဘုရားဖူး အဖွဲ့အမည်ဖြင့် အိန္ဒိယနှင့်နီပေါနိုင်ငံတို့ရှိ မြတ်ဗုဒ္ဓ၏ သံဝေဂယူဖွယ်ရာ သံဝေဇနိယလေးဌာန၊ ဘုရားအဆူဆူတိုင်း၏ မစွန့်အပ်သော အဝိဇဟီတ ၄ ဌာနအနက် ၃ဌာနအပြင် အခြားဗုဒ္ဓဝင်နေရာအများအပြားကို ၂၀၀၁-၂၀၀၂ ခုနှစ်မှ ၂၀၁၀-၂၀၁၁ ခုနှစ်အထိ ၉နှစ်တိုင်တိုင် မြန်မာပြည်မှ ဘုရားဖူးများကို သင့်တင့်သောဈေးနှုန်းနှင့် ဝန်ဆောင်မှုအကောင်းဆုံးဖြင့် ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ ယခုနှစ်ဘုရားဖူးရာသီတွင် လည်း ၂၀၁၂ခုနှစ်၊ စက်တင်ဘာလနောက်ဆုံးပတ်မှ ၂၀၁၃ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်အထိ ဘုရားဖူးအမြောက်အများကို ဆက်လက်ပို့ဆောင်ရန် စီစဉ်ထားရှိပါသည်။

အောင်ချမ်းသာ ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့သည် သံဝေဇနိယလေးဌာန (အိန္ဒိယ ၊ နီပေါ) ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်များကို (၂၀ဝ၁-၂၀ဝ၂)ခုနှစ်၊ (၂၀ဝ၂-၂၀ဝ၃) ခုနှစ်၊ (၂၀ဝ၄-၂၀ဝ၅) ခုနှစ်၊ (၂၀ဝ၅-၂၀ဝ၆) ခုနှစ်၊ ဘုရားဖူးရာသီများ၌ သာသနာရေးဝန်ကြီးဌာန၏ တာဝန်ပေးချက် အရ တစ်ဖွဲ့လျှင် (၃၂)ဦးပါ ဘုရားဖူးအဖွဲ့ (၁၀ဝ) ဖွဲ့နှင့် (၂၀ဝ၃-၂၀ဝ၄) ခုနှစ်၌ အထူးဘုရားဖူးအဖွဲ့ (၆)ဖွဲ့၊ (၂၀ဝ၆-၂၀ဝ၇) ခုနှစ်၌ ဘုရားဖူးအဖွဲ့ (၂၈) ဖွဲ့၊ (၂၀ဝ၇-၂၀ဝ၈)ခုနှစ်၌ ဘုရားဖူးအဖွဲ့ (၄၂) ဖွဲ့၊ (၂၀ဝ၈-၂၀ဝ၉) ခုနှစ်၌ ဘုရားဖူးအဖွဲ့ (၄၆) ဖွဲ့၊ (၂၀ဝ၉-၂၀၁၀)ခုနှစ်၌ ဘုရားဖူးအဖွဲ့ (၄၄) ဖွဲ့၊ (၂၀၁၀-၂၀၁၁) ခုနှစ်၌ ဘုရားဖူးအဖွဲ့ (၄၆) ဖွဲ့၊ (၂၀၁၁-၂၀၁၂) ခုနှစ်၌ ဘုရားဖူးအဖွဲ့ (၄၆) ဖွဲ့၊ (၂၀၁၂-၂၀၁၃) ခုနှစ်၌ ဘုရားဖူးအဖွဲ့ (၄၆) ဖွဲ့၊ (၂၀၁၃-၂၀၁၄) ခုနှစ်၌ ဘုရားဖူးအဖွဲ့ (၃၉) ဖွဲ့နှင့် (၂၀၁၄-၂၀၁၅) ခုနှစ်၌ ဘုရားဖူးအဖွဲ့ (၄၅) ဖွဲ့ စုစုပေါင်းဘုရားဖူးအဖွဲ့(၄၄၈) ဖွဲ့တို့အား အဆင်ပြေချောမော အောင်မြင်စွာ ပို.ဆောင်ပေးခဲ့ပါသည်။

အကျိုးဆောင် ဒေါ်သဇင်မြင့်အောင်နှင့် ဧည့်လမ်းညွှန်များသည် ဗုဒ္ဓဂယာ၌ အခြေပြုကာ ဘုရားဖူးအဖွဲ့များနှင့်အတူ အဖွဲ့တိုင်းအား အနီးကပ်နွေးထွေးသောဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့သဖြင့် အစစအရာရာ အဆင်ပြေချောမွေ့ကာ ဘုရားဖူးများ စိတ်အေးချမး်သာစွာဖြင့် သာသနာပြုနိုင်ခဲ့ကြောင်း၊ ကျေနပ်အားရကြောင်း မှတ်တမ်းလွှာများ တဖွဲဖွဲရရှိခဲ့ပါသည်။