Travels & Tours
www.aungchanthartours.com
"လှည့်လည်ကြည့်ရှုဖူးမြော်မည့်အစီအစဉ်"

မြန်မာနိုင်ငံမှနေ၍ မဇ္စျမဒေသရှိ မြတ်ဗုဒ္ဓ၏မြတ်ဒေသများသို့သွားရောက်ဖူးမြော် လိုကြသော ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့အနေဖြင့် မြတ်ဗုဒ္ဓအလောင်းတော် မွေးဖွားရာမှ ထီးနန်းစိုးစံခဲ့ရာ ရပ်ဒေသာတို့ကိုလည်းကောင်း၊ ရှင်တော်ဗုဒ္ဓအဖြစ် ပွင့်ထွန်းပေါ်ပေါက်ခဲ့သော ဘုရားအဆူဆူတို့ ပွင့်တော်မူရာ ဘဂဝါဇိနအရှင်၏ တဏှာရှိ သမျှစင်သည့် အပရာဇိတပလ္လင်တော်မြတ်ရှိရာ ရပ်ဒေသာတို့ကို လည်းကောင်း၊ တရားဦး ဓမ္မစက် မိန့်မြွက်ခဲ့ ရာမိဂဒါဝုန်ဒေသတို့ကိုလည်းကောင်း၊ ၄၅ နှစ်တာ ကာလပတ်လုံး မနေမနား ခရီးသွားခဲ့ပြီး ကျွတ်ထိုက်သသူ နတ်လူဗြဟ္ခာသတ္တဝါတို့အားနိဗ္ဗာန်သောင်သို့ ဖောင်ကူးတို့ဖြင့် ဆောင်ပို့ပေးခဲ့ရာ ရပ်ဒေသာအသီးသီးတို့ကိုလည်းကောင်း၊ ဒေသ အလိုက် ကြည့်ရှုဖူးမြော်ကုသိုလ်တော်များရနိုင်စိမ့်သောဌာ အောင်ချမ်းသာ ဘုရားဖူးအဖွဲ့ မှဆောင်းပေးမည့် ခရီးစဉ်များကို ဖော်ပြအပ်ပါသည်။

အချိန်နှင့်တပြေးညီ လှည့်လည်ဖူးမြော်ရမည့် ခရီးဖြစ်၍ အချိန်နှင့်အခြေအနေ ပေး သည့်အတိုင်း ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ပထမနေ့ ခရီးစဉ်တွင် ပို့ဆောင်ပေးရန် သတ် မှတ်ထားသော်လည်း အကြောင်းကြောင့် မသွားလာမဖူးမြော်ရပါက ဒုတိယနေ့တွင် ထပ်မံပို့ဆောင်ပေးနိုင်လိမ့်မည် မဟုတ်ပါ။ သူ့နေ့နှင့်သူ့အစီအစဉ် ကွက်တိစီစဉ်ထားပြီး ဖြစ်၍ ထပ်မံသွားရောက်ရန် မလွယ်ကူကြောင်း သဘောပေါက်ကာ ရနိုင်သမျှအချိန်တွင် ဗုဒ္ဓဂုဏ်နှလုံးထုံ၍ ဖူးမြှော်ကြည်ညို သံဝေဂပိုကြရန်ဖြစ်ပါသည်။

ယခု (၂၀၁၅-၂၀၁၆) ခုနှစ်၊ ဘုရားဖူးရာသီ၌လည်း (၁၄) ကြိမ်မြောက်အဖြစ် ယခင်နှစ်များထက် ပိုမိုနွေးထွေးသော ဝန်ဆောင်မှုများဖြင့် ဘုရားဖူးခရီးစဉ်များကိုပို.ဆောင်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိပါသည်။ (၂၀၁၅-၂၀၁၆) ခုနှစ်တွင် ဘုရားဖူးမြော်ရန် စီစဉ်ထားသော သံဝေဇနိယလေးဌာနနှင့် အဝိဇဟိတလေးဌာနအနက် မိမိတို့ဘုရားဖူးအဖွဲ့များ ရောက်ရှိမည့် အဝိဇဟိတ(၃) ဌာနတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

သံဝေဇနိယလေးဌာန (မြတ်စွာဘုရားဖြစ်တော်စဉ်ဌာနများ)

လုမ္ဗိနီ - ဖွားတော်မူရာဒေသ
ဗုဒ္ဓဂယာမဟာဗောဓိမဏ္ဍိုင် - ပွင့်တော်မူရာဒေသ
မိဂဒါဝုန် - တရားဦးဟောတော်မူရာဒေသ
ကုသိနာရုံ - ပရိနိဗ္ဗာန်ပြုတော်မူရာဒေသ

အဝိဇဟိတလေးဌာနအနက် မစွန့်အပ်သောဒေသများ (သုံးဌာန)

ဗုဒ္ဓဂယာမဟောဗောဓိမဏ္ဍိုင် - ပွင့်တော်မူရာဒေသ
မိဂဒါဝုန် - တရားဦးဟောတော်မူရာဒေသ
သာဝတ္တိပြည်မွန်ဇေတဝန် - ဂန္ဓကုဋီ(ညောင်စောင်းအခြေလေးဘက်ချရာဌာန)

ဒေသ

ကြည်ရှုဖူးမြှော်ရန်စေတီနှင့်နေရာများ

ပတ္တနား/ ဝေသာလီ မြန်မာဘုန်းတော်ကြီးကျောင်း၊ တတိယသံဂါယနာတင် အသောကာ ရာမကျောင်းတော်ရာ အသောကမင်းကြီး ကျောက်တိုင်၊ ဒုတိယသံဂါ
ယနာတင်ခဲ့သည့် ဝေသာလီကျောင်းတော်ရာ၊ ဓါတ်တော်တိုက်နေရာ၊
ဂျပန်စေတီ။
ရာဇဂြိုဟ် မြန်မာဘုန်းတော်ကြီးကျောင်း၊ ဝေဠုဝန်ကျောင်းတော်ရာ၊ ဝေဘာရ တောင်ပေါ်ရှိ ပထမသံဂါယနာတင်ရာသတ္တပဏ္ဏိလိုဏ်ဂူ၊ ရေပူစမ်း၊ ၊ ဂိဇ္စျကုဋ်တောင်ထိပ် ကျောင်းတော်ရာ၊ ရတနာဂီရိတောင် ပေါ်ရှိ ဝိရွှသျှန္တီဂျပန်စေတီ၊ ထိုင်ခုံစက်လှေခါး၊ ဗိမ္ဗိသာရမင်းကြီး၏ ဓါတ်တော်တိုက်၊ သမားတော် ဇီဝက၏ သရက်ဥယျာဉ်၊ ဗိမ္ဗိသာရအကျဉ်းထောင် ရှေးခေတ်ကျောက်လှည်းဘီးရာ
ဗုဒ္ဓဂယာ မြန်မာဘုန်းတော်ကြီးကျောင်း၊ မဟာဗောဓိစေတီတော်၊ သတ္တဌာန၊ နေရဉ္ဇရာမြစ်၊ သုဇာတာအိမ်ရာ၊ သုဇာတာ ဃနာနို့ဆွမ်းကပ်ရာနေရာ၊ ရွှေခွက်မျှောရာနေရာ၊ မဟန့်နန်းတော်၊ မင်းတုန်းမင်းဇရပ်နှင့် ကျောင်းစာတိုက်၊ ဒုက္ကရစရိယာကျင့်ရာ ဥရုဝေလတော၊ ဂျပန်ဘုရား၊ ဂျပန်၊ တိဘတ်၊ ထိုင်းကျောင်းများ။
မိဂဒါဝုန် မြန်မာဘုန်းတော်ကြီးကျောင်း၊ ဓမ္မစကြာတရားဦးဟောရာ ဓမ္မရာဇိကစေတီနေရာ၊ အနတ္တလက္ခဏသုတ် ဟောကြားရာဓမ္မရာဇိကစေတီနေရာ၊ အနတ္တလက္ခဏသုတ်ဟောကြားရာဓမ္မေခစေတီ၊ နန္ဒိယသူကြွယ်ကျောင်းနော်ရာ၊ ယသသတို့သားတရားဟောရာပလ္လင်၊ အသောကကျောင်းတိုင်၊ ကုမာရဒေဝီရေချိုးဆိပ်၊ ဘေးမဲ့သမင်တော၊ အနာဂါရိက ဓမ္မပါလ၏မူလ ဂန္ဓကုဋီတိုက်၊ ပဉ္စဝဂ္ဂါငါးပါးတို့တရား ဟောနေပုံရုပ်ပွားတော်၊ မိဂဒါဝုန်ပြတိုက်၊ ချောက်ကဏ္ဍစေတီ
သာဝတ္ထိ မြန်မာဘုန်းတော်ကြီးကျောင်း (ဟောင်း/သစ်) ဇေတဝန်ကျောင်းတော်ရာ နှင့်ဂန္ဓကုဋီတိုက်၊ အင်္ဂုလိမာလစေတီ၊ အာနန္ဒာဗောဓိပင်၊ တန်ခိုးပြာဋိဟာပြသည့် သရက်ဖြူပင်နေရာတောင်ကုန်း၊ ကောသလမင်းကြီးနှင့် မလ္လိကာမိဖုရားတို့၏ နန်းတော်ဆောင်များ၊ စိဉ္စမာနနှင့်ဒေဝဒတ်မြေမျိုရာနေရာများ
လုမ္ဗိနီ လောကမဏိစူဠာစေတီတော်၊ အာနန္ဒာသိမ်တော်၊ မြန်မာရွှေကျောင်း၊ ဇရပ်တော်၊ ဓမ္မာရုံတော်၊ ဘုရားအလောင်းတော်ဖွားမြင်သည့်နေရာ (အုတ်တိုက်)၊ အသောကကျောက်တိုင်၊ မယ်တော်မာယာဖွားမြင်တော်မူပုံရုပ်တု၊ ဘုရားအလောင်းတော်၏ ခြေရာ၊ ဘုရားအလောင်းတော်ခြေလှမ်း (၇)လှမ်းလှမ်းသည့် အထိမ်းအမှတ်စေတီ၊ ရေသန့်စင်ရာရေကန်၊ နီပေါဘုန်းကြီးကျောင်း၊ တိဘက်ဘုန်းကြီးကျောင်း
ကပိလဝတ် အလောင်းတော်မင်းသား နန်းစံရာနန်းတော်ရာ တောထွက်ရာ အရှေ့မုခ်တံခါးဝ၊ နိဂြောဓါရုံကျောင်း၊ အသောကကျောက်တိုင်
ကုသိနာရုံ မဟာသုခံဒဒချမ်းသာကြီးစေတီ၊ မြန်မာဘုန်းတော်ကြီးကျောင်း၊ ပရိနိဗ္ဗာနစေတီ၊ လျောင်းတော်မူရုပ်ပွါးတော်၊ တေဇောဓါတ်လောင်ကျွမ်းရာစေတီကုန်း (အင်္ဂါရစေတီ)၊ နောက်ဆုံးရေသုံးသပ်သည့်နေရာရှိ မာထကုန်ဝရုပ်ပွါးတော်၊ ထိုင်းဘုန်းကြီးကျောင်း၊ ပြတိုက်။