Travels & Tours
www.aungchanthartours.com

About us

ဗုဒ္ဓဘာသာဝင် ရဟန်း၊ ရှင်လူ၊ ပြည်သူများစွာတို့သည် ရှေးယခင်က မဇ္ဈိမဒေသရှိ၊ မြတ်ဗုဒ္ဓ၏နေရာတော် များကိုခက်ခဲပင်ပန်းစွာ သွားရောက်ဖူးမြော်ခဲ့ကြရပါသည်။ ယခုအခါ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ သာသနာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် မဇ္ဈိမဒေသသို့လွယ်ကူသက်သာစွာ သွားရောက်ခွင့် ရရှိနေကြပြီ ဖြစ်ပါသည်။

အောင်ချမ်းသာဗုဒ္ဓဂယာဘုရားဖူးအဖွဲ့၏ အုပ်ချုပ်မှုဒါရိုက်တာဒေါ်သဇင်မြင့်အောင်၏ သာသနာပြုလုပ်ငန်းစဉ်

Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

အောင်ချမ်းသာဗုဒ္ဓဂယာဘုရားဖူးအဖွဲ့၏ အုပ်ချုပ်မှုဒါရိုက်တာဒေါ်သဇင်မြင့်အောင်သည် ရုပ်ရှင်မင်းသားကြီး ဦးမြင့်အောင်(ကွယ်လွန်)နှင့် အမိဒေါ်သန်းရင်တို့၏သမီးဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်တွင်ဗုဒ္ဓဂယာသို့ ဘုရားဖူးစတင်ရောက်ရှိခဲ့ပါသည်။၂ဝဝ၁-၂ဝဝ၂ခုနှစ်မှစတင်၍ မဇ္စျိမဒေသ သို့ဘုရားဖူးများပို့ဆောင်ကာ သာသနာပြုလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ အဘိုး/အဘွားဖြစ်တဲ့ဦးပုတ်ကြီး၊ ဒေါ်ကြီး(သက္ကလ)၊ အဖိုး/အဖွား ဖြစ်သူ ဦးဖိုးလှ၊ ဒေါ်ဖွားခင်(သက္ကလ)တို့က၁၂၈၇ ခုနှစ်တွင် ဝယ်ယူပြီး ၁၂၉၄ ခုနှစ်တွင် ရေစက်ချ လှူဒါန်းခဲ့သောရာဇဂြိုဟ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းအား ပြန်လည်ပြုပြင် တည်ဆောက်ခြင်း၊ နှစ်စဉ် သာသနာ့နုဂ္ဂဟအသင်းအတွက် အလှူငွေများပေးအပ်ခြင်း၊ လုမ္ဗိနီရွှေကျောင်းတော်အတွင်း ဘုရားလောင်း ရုပ်ထုအားစကျင်ကျောက် ဖြင့်ထုဆစ်၍ လှူဒါန်းခြင်း၊ သာဝတ္တိပြည်ရှိ ဇေယျသုခကျောင်း၌ အခန်း(၆)ခန်းလှူဒါန်းခြင်း သံဝေဇနိယလေးဌာနရှိ မြန်မာဘုန်းကြီးကျောင်းများအတွက် လိုအပ်သည့်နေရာများ ပြုပြင်တည်ဆောက်ရန် ကိုယ်တိုင် အလှူငွေများထည့်ဝင်လှူဒါန်းခြင်း အပြင်အဆိုပါ ကျောင်းများအတွက် ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမများပေါများလာအောင်စွမ်းဆောင်ပေးခဲ့ခြင်း၊ ၂ဝ၁၁ ခုနှစ်၊ မေလတွင် သက္ကလကျေးရွာတွင်ရှင် ၁ဝ၈ ပါးရှင်ပြုအလှူတော်မင်္ဂလာပြုလုပ်ပေးခြင်းစသည်ဖြင့် မွေခံထိုက်စေဆိုတဲ့ဆောင်ပုဒ်နှင့်အညီ အဖိုး/အဖွားများပြုခဲ့သော သာသနာ့အမွေကိုဆက်ခံသည့် အနေဖြင့် ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းကြီးကို လွန်ခဲ့တဲ့ ၁ဝနှစ်မှစတင်၍အကျိုးအမြတ်ကို အဓိကမထားဘဲကုသိုလ်စိတ်၊ သဒ္ဒါစိတ်အပြည့်အဝဖြင့်အပင်ပန်းခံ၊ အဆင်းရဲခံပို့ဆောင်နေသူတစ်ဦး ဖြစ်ပါသည်။